အနာဂတ်/အကြောင်း ကြိုတင်/ဟောတော်မူခြင်း
24
ယေရှု/သည် ဗိမာန်တော်/မှ ထွက်ကြွတော်မူ/စဉ် တပည့်တော်တို့/သည် ယေရှု/ထံတော်သို့ ချဉ်းကပ်/၍ ဗိမာန်တော်/အဆောက်အအုံများ/ကို ညွှန်ပြကြ၏။ 2 ထိုအခါ ယေရှု/က “ဤ/အဆောက်အအုံများ/ကို သင်တို့/မြင်ကြသည် မဟုတ်လော။ သင်တို့/အား ငါ/အမှန်/ဆို၏။ ဤ/အဆောက်အအုံများ/သည် အကုန်အစင်/ဖြိုဖျက်/ခံရ/လိမ့်မည်။ ကျောက်/တစ်ချပ်/အပေါ်တွင် တစ်ချပ်/မျှ တင်ကျန်နေ/လိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
3 ထို့နောက် ယေရှု/သည် သံလွင်တောင်/ပေါ်/၌ ထိုင်တော်မူ/စဉ် တပည့်တော်တို့/သည် အခြားသူများ/မပါဘဲ ယေရှု/ထံတော်သို့ ချဉ်းကပ်/၍ “ထို/အရာများ/အားလုံး/သည် မည်သည့်/အချိန်/၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်/နှင့် ကမ္ဘာ/ကုန်ဆုံးချိန်/၌ မည်သည့်/နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့/အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
4 ယေရှု/က “သင်တို့/ကို မည်သူမျှ မလှည့်ဖြား/စေရန် သတိပြုကြလော့။ 5 အဘယ်ကြောင့်ဆိုသော် လူ/များစွာတို့/က ‘ငါ/သည် ခရစ်တော်a/ဖြစ်၏’ ဟု ငါ့/အယောင်ဆောင်/လျက် ရောက်လာကြ/လိမ့်မည်။ လူ/များစွာ/ကိုလည်း လှည့်ဖြားကြ/လိမ့်မည်။ 6 သင်တို့/သည် စစ်ပွဲများ/နှင့် စစ်ဖြစ်မည့်/သတင်းများ/အကြောင်း ကြားကြ/လိမ့်မည်။ သို့ရာတွင် မတုန်လှုပ်ကြနှင့်။ ထို/အရာများ/အားလုံး/သည် ဖြစ်ပျက်/ရမည်။ သို့သော် ကမ္ဘာ/ကုန်ဆုံးချိန်/သည် မကျရောက်သေးပါ။ 7 လူမျိုး/တစ်မျိုး/နှင့်/တစ်မျိုး၊ နိုင်ငံ/တစ်နိုင်ငံ/နှင့်/တစ်နိုင်ငံ အချင်းချင်း/ပုန်ကန်/၍ စစ်/ဖြစ်ကြ/လိမ့်မည်။ ကမ္ဘာ့/နေရာ/အနှံ့အပြား/တွင် အစာခေါင်းပါးခြင်း/နှင့် ငလျင်လှုပ်ခြင်းများ ဖြစ်/လိမ့်မည်။ 8 သို့သော် ထို/အရာများ/အားလုံး/သည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သော/ဆင်းရဲဒုက္ခများb/၏ အစ/မျှသာ/ဖြစ်၏။
9 ထို့နောက် သင်တို့/သည် ငါ/၏ နောက်လိုက်များ/ဖြစ်သောကြောင့်c ကမ္ဘာတစ်ဝန်း/တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း/နှင့် မုန်းတီးခြင်း/ကို ခံကြရ/လိမ့်မည်။ 10 ထိုကာလ/၌ လူများစွာတို့/သည် ယုံကြည်ခြင်း/မှ လမ်းလွဲ/၍ အချင်းချင်း သစ္စာဖောက်/လျက် မုန်းတီးကြ/လိမ့်မည်။ 11 ပရောဖက်/အတုအယောင်/များစွာ ပေါ်လာ/၍ လူ/များစွာ/တို့/ကို လှည့်ဖြားကြ/လိမ့်မည်။ 12 နေရာတိုင်း/၌ မတရားမှု/ပြုသောသူတို့/သည် များပြားလာ/သောကြောင့် လူများစွာတို့/၏ ချစ်ခြင်းမေတ္တာ/သည်လည်း ခေါင်းပါးလာ/လိမ့်မည်။ 13 သို့ရာတွင် အဆုံး/တိုင်အောင် ကြံ့ကြံ့ခံသော/သူ/သည် ကယ်တင်ခံရ/လိမ့်မည်။ 14 နိုင်ငံတော်/နှင့်/ဆိုင်သော သတင်းကောင်း/ကို ကမ္ဘာတစ်ဝန်းလုံး/တွင် ဟောပြောကြ/၍ လူမျိုး/အပေါင်းတို့/သည်လည်း ထို/သတင်းကောင်း/ကို ကြားကြ/လိမ့်မည်။ ထို့နောက်/မှ ကမ္ဘာ/ကုန်ဆုံးချိန်/သည် ရောက်လာ/လိမ့်မည်။
15 ထို့ကြောင့် ပရောဖက်/ဒံယေလ ဟောပြောခဲ့/သည့် ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သော/အရာ/သည် သန့်ရှင်းသော/နေရာ/၌ ရှိနေသည်/ကို သင်တို့/တွေ့မြင်ရမည့်/နေ့ရက် ရောက်လာ/လိမ့်မည်။ (ဤ/အချက်/ကို စာဖတ်သူ သတိပြုမိပါစေ။) 16 ထို့နောက် ယုဒပြည်/တွင် ရှိသော/သူတို့/သည် တောင်များ/ပေါ်သို့ ပြေးကြ/ရမည်။ 17 လသာဆောင်/ပေါ်တွင် ရှိသော/သူ/သည် မိမိ/အိမ်/ထဲမှ ပစ္စည်းများ/ကို မယူဘဲ အောက်/သို့ ဆင်း/၍ ထွက်ပြေး/ရမည်။ 18 လယ်/၌ ရှိသော/သူ/သည်လည်း သူ/၏ ဝတ်ရုံ/ကို ပြန်လှည့်/မယူဘဲ ထွက်ပြေး/ရမည်။ 19 ထို/နေ့ရက်များ/တွင် ကိုယ်ဝန်ဆောင်/အမျိုးသမီးများ/နှင့် နို့စို့ကလေးငယ်/ရှိသော/မိခင်များ/သည် အလွန်/ဒုက္ခရောက်ကြ/လိမ့်မည်။ 20 သင်တို့ ထွက်ပြေး/ကြရမည့် အချိန်/သည် ဆောင်းကာလ မဖြစ်/စေရန်၊ သို့မဟုတ် ဥပုသ်နေ့ မဖြစ်/စေရန် ဆုတောင်းကြလော့။ 21 အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦး/မှစ၍ ယခု/အချိန်/အထိ မဖြစ်စဖူး၊ နောင်/တွင်လည်း မည်သည့်/အခါမျှ ကြုံတွေ့ရမည်/မဟုတ်သည့် အလွန်/ဆိုးရွားသော/ဆင်းရဲဒုက္ခ/သည် ထို/ကာလ/၌ ကျရောက်/မည်/ဖြစ်/သောကြောင့်ပင်။ 22 အကယ်၍ သခင်ဘုရား/သည် ထို/နေ့ရက်ကာလများ/ကို တိုတောင်းစေတော်မမူ/လျှင် မည်သူ/မျှ အသက်ဘေး/မှ လွတ်နိုင်မည်/မဟုတ်။ သို့ရာတွင် ကိုယ်တော်/သည် မိမိ/ရွေးချယ်ထားတော်မူသော/သူများ/အတွက် ထို/နေ့ရက်များ/ကို တိုတောင်းစေတော်မူမည်။
23 ထိုအခါ တစ်စုံတစ်ဦး/က သင်တို့/အား ‘ကြည့်လော့။ ဤ/နေရာ/တွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထို/နေရာ/တွင် ခရစ်တော်/ရှိသည်’ ဟု ဆို/သော်လည်း မယုံကြနှင့်။ 24 အဘယ်ကြောင့်ဆိုသော် ခရစ်တော်/အတုအယောင်များ/နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ/လိမ့်မည်/ဖြစ်/သောကြောင့်ပင်။ ထို/သူတို့/သည် ဖြစ်နိုင်/လျှင် ဘုရားသခင်/ရွေးချယ်ထားသော/သူများ/ကိုပင် လှည့်ဖြား/ရန် နိမိတ်/လက္ခဏာကြီးများ/နှင့် အံ့ဖွယ်/ဖြစ်ရပ်များ/ကို ပြကြ/လိမ့်မည်။ 25 သတိပြုကြလော့။ ထို/အရာများ/မဖြစ်ပွား/မီ ငါ/သည် သင်တို့/အား ကြိုတင်/သတိပေး/နှင့်ပြီ။
26 ထို့ကြောင့် တစ်စုံတစ်ဦး/က သင်တို့/ကို ‘ကြည့်လော့။ ခရစ်တော်/သည် တောကန္တာရ/တွင် ရှိသည်’ ဟု ဆိုလျှင်/လည်း သွားမကြည့်ကြနှင့်။ ‘ကြည့်လော့။ ဤ/နေရာ/၌ ပုန်းနေသည်’ ဟု ဆိုလျှင်/လည်း မယုံကြနှင့်။ 27 လျှပ်စီး/သည် ကောင်းကင်/အရှေ့ဘက်/မှ လက်/၍ အနောက်ဘက်/တိုင်အောင် ထွန်းလင်း/သကဲ့သို့ လူသားd ကြွလာ/သောအခါ/၌လည်း ထိုကဲ့သို့ ဖြစ်/လိမ့်မည်။ 28 ဆိုရိုးစကား/ရှိသည့်/အတိုင်း အသေကောင်/ရှိရာ/အရပ်/၌ လင်းတများ စုဝေးတတ်ကြ၏။
29 ဆင်းရဲဒုက္ခ/ခံရမည့် ထို/နေ့ရက်များ ကုန်ဆုံး/ပြီးနောက်
နေမင်း/သည် ချက်ချင်း/မှောင်မိုက်/၍
လ/သည် အလင်းရောင်/ကို မပေးဘဲ/နေ/လိမ့်မည်။
ကြယ်တို့/သည်လည်း ကောင်းကင်/မှ ကြွေကျ/၍
ကောင်းကင်/တန်ခိုးတို့/သည် တုန်လှုပ်ကြ/လိမ့်မည်။e
30 ထို/အရာများ/ပြီးမှ နောက်ဆုံး/တွင် လူသား/ကြွလာ/မည့် နိမိတ်/လက္ခဏာ/သည် ကောင်းကင်/၌ ပေါ်လာ/လိမ့်မည်။ ကမ္ဘာ/ပေါ်ရှိ လူမျိုး/အပေါင်းတို့/သည်လည်း ငိုကြွေး/မြည်တမ်းကြ/လိမ့်မည်။ ထိုအခါ လူသား/သည် ကြီးမားသည့်/တန်ခိုးတော်/နှင့် ဘုန်းတော်/တို့/ဖြင့် ကောင်းကင်/မှ မိုးတိမ်/စီး/လျက် ကြွလာသည်/ကို လူတို့/မြင်ကြရ/လိမ့်မည်။ 31 ထို့နောက် လူသား/သည် သူ/၏ ကောင်းကင်တမန်များ/ကို ကျယ်လောင်သော တံပိုးခရာ/မှုတ်သံ/နှင့်အတူ စေလွှတ်တော်မူ/လိမ့်မည်။ ကောင်းကင်တမန်များ/သည် ကောင်းကင်/နှင့်/မြေကြီး/အရှေ့/စွန်း/မှသည် အနောက်/စွန်း/တိုင်အောင် အရပ်လေးမျက်နှာ/မှ ကိုယ်တော်/ရွေးချယ်ထားသော/သူတို့/ကို စုစည်း/လိမ့်မည်။
32 သဖန်းပင်/မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်/တွင် အကိုင်းအခက်/သစ်များ/ထွက်လာ/၍ ရွက်နုများ ထွက်ပြူလာ/သောအခါ နွေကာလ ရောက်လု/နီးပြီ/ဖြစ်ကြောင်း/ကို သင်တို့/သိကြ၏။ 33 ထို/နည်းတူ ဖော်ပြခဲ့သော/အခြင်းအရာများ/အားလုံး/ကို သင်တို့/မြင်ရ/သောအခါ လူသား/သည် တံခါးဝ/အနီး/သို့ ရောက်နေပြီ/ဖြစ်ကြောင်း/ကို သိမှတ်ကြလော့။ 34 သင်တို့/အား ငါ/အမှန်/ဆို၏။ ဤ/အရာများ/အားလုံး မဖြစ်ပျက်/မီ/အချိန်/ထိ ယခု/ရှိသော/မျိုးဆက် ကွယ်ပျောက်/လိမ့်မည်/မဟုတ်ပေ။ 35 ကောင်းကင်/နှင့်/မြေကြီး တည်မြဲမည်/မဟုတ်/သော်လည်း ငါ့/စကား တည်မြဲ/လိမ့်မည်။
36 သို့သော် ထို/အရာများ/သည် မည်သည့်/နေ့ရက်၊ မည်သည့်/အချိန်နာရီ/၌ ဖြစ်ပျက်/လာမည်/ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ/ရှိ ကောင်းကင်တမန်များ/လည်း မသိ။ သားတော်/လည်း မသိ။ ခမည်းတော်/တစ်ပါးတည်း/သာလျှင် သိတော်မူ၏။
37 လူသား/သည် ပြန်ကြွလာ/သောအခါ နောဧ လက်ထက်/၌ ဖြစ်ပျက်/သကဲ့သို့ ဖြစ်ပျက်/လိမ့်မည်။ 38 ရေလွှမ်းမိုးခြင်း/မတိုင်မီ ကာလ/၌ နောဧ/သည် သင်္ဘော/ထဲသို့ ဝင်သည့်/နေ့/တိုင်အောင် လူတို့/သည် စားသောက်ပွဲများ၊ ထိမ်းမြားစုံဖက်ခြင်းများ/တို့/ဖြင့် ပျော်ပါးနေကြ၏။ 39 ရေလွှမ်းမိုး/၍ သေကျေ/ပျက်စီးသည့်/အချိန်/တိုင်အောင် သူတို့/သည် သတိကင်းမဲ့/လျက်f နေကြ၏။ လူသား/ကြွလာသော/အခါ/၌လည်း ထို/နည်းတူ ဖြစ်/လိမ့်မည်။
40 ထိုအခါ လယ်/ထဲတွင် လုပ်သား/နှစ်ဦး/ရှိသည့်/အနက် တစ်ဦး/သည် ခေါ်ဆောင်သွားခြင်း/ခံရ/၍ တစ်ဦး/သည် ကျန်ရစ်ခဲ့/လိမ့်မည်။ 41 ကြိတ်ဆုံ/ကြိတ်နေသော အမျိုးသမီး/နှစ်ဦး/တွင် တစ်ဦး/သည် ခေါ်ဆောင်သွားခြင်း/ခံရ/၍ တစ်ဦး/သည် ကျန်ရစ်ခဲ့/လိမ့်မည်။
42 ထို့ကြောင့် သင်တို့/သည်လည်း သင်တို့/၏ သခင်ဘုရား/သည် မည်သည့်/နေ့/၌ ကြွလာမည်/ကို မသိကြ/သောကြောင့် သတိ/နှင့် စောင့်နေကြလော့။ 43 အကယ်၍ အိမ်ရှင်/သည် သူခိုး/လာမည့်/အချိန်/ကို အတိအကျ/သိထား/လျှင် သူ/သည် သတိ/နှင့်/စောင့်နေ/လျက် မိမိ/အိမ်/ကို ဖောက်ထွင်းခွင့်/ပြုမည်/မဟုတ်ကြောင်း/ကို သင်တို့/သိကြ၏။ 44 ထို့ကြောင့် လူသား/သည် သင်တို့ မထင်မှတ်ထားသော/အချိန်/တွင် ကြွလာမည်/ဖြစ်/၍ သင်တို့/သည်လည်း အဆင်သင့်/ရှိနေကြလော့။
45 သစ္စာရှိ/၍ ပညာ/အလိမ္မာ/နှင့်/ပြည့်စုံသော/အစေခံ/သည် မည်သူနည်း။ ထို/သူ/မှာ အိမ်သူအိမ်သားများ/ကို အုပ်ချုပ်/ရန်/နှင့် အချိန်တန်/သောအခါ စားနပ်ရိက္ခာ/ကို ခွဲဝေ/စေရန် သခင်/ခန့်ထားသော/သူ ဖြစ်၏။ 46 သခင်/သည် ပြန်လာ/သောအခါ ထိုသို့ အလုပ်/လုပ်နေသော အစေခံ/ကို တွေ့မြင်/လျှင် ထို/အစေခံ/သည် မင်္ဂလာရှိ၏။ 47 သင်တို့/အား ငါ/အမှန်/ဆို၏။ သခင်/သည် ထို/အစေခံ/အား စည်းစိမ်ဥစ္စာ/ရှိသမျှ/ကို စီမံကွပ်ကဲ/ရန် ခန့်အပ်/လိမ့်မည်။ 48 သို့ရာတွင် အစေခံ/သည် ဆိုးသွမ်း/၍ ‘ငါ/၏/သခင်/သည် အိမ်ပြန်/နောက်ကျ/လိမ့်မည်’ ဟု စိတ်/တွင်/ထင်မှတ်/ပြီး 49 အခြားသော/အစေခံ/ယောက်ျား၊ အစေခံ/မိန်းမတို့/အား ရိုက်နှက်/ကာ သောက်စားမူးယစ်/လျက်/နေလျှင် 50 သူ/၏/သခင်/သည် သူ/မျှော်လင့်/မထားသော/အချိန်/နှင့် သူ/မသိသော/နေ့ရက်/တွင် ရောက်လာ/လိမ့်မည်။ 51 ထိုအခါ သူ့/အား ပြင်းထန်/စွာ ပြစ်ဒဏ်ပေးg/၍ သူတော်ကောင်း/ယောင်ဆောင်သူများ/နှင့်အတူ နေရာချထား/လိမ့်မည်။ ထို/နေရာ/၌ သူ/သည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်။